ဘုတ်ပြင်း မေ ၁၆
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ်၌ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် အခြေခံပညာအလယ်တန်းအဆင့်(Grade-8) သင်ရိုးသစ် မြို့နယ်အဆင့်ဆင့်ပွားသင်တန်းကို ယနေ့နံနက်(၉)နာရီအချိန်က အထက-ဘုတ်ပြင်းကျောင်း နဝရတ်ခန်းမတွင် ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်ပညာရေးမှူး ဦးအောင်စိုးက ကောင်းမွန်သောစနစ်သစ်ပညာရေး လက်တွေ့ကျကျ အကောင်အထည်ဖောင်ဆောင် ရွက်ရာတွင် ဆရာဆရာမသင်တန်းသားသင်တန်းသူများအနေ့ဖြင့် သင်တန်းနည်းပြများမှသင်ကြားပေးသည့် သက်ဆိုင်ရာဘာသာရပ်များ သင်ကြားမှုများကို နားလည်သဘောပေါက်တတ်မြောက်အောင် သင်ကြားရမှာဖြစ်ပြီး သို့မှာသာ အနာဂတ်မျိုးဆက် သစ်ကျောင်းသားကျောင်းသူများကို ကောင်းမွန်းစွာသင်ကြားပို့ချနိုင်မည့်ဖြစ်သည့်အတွက် ဂရုတစိုက်သင်ကြားကြရန် စသည့်များကို ပြောကြားသည်။ ဆက် လက်၍ လက်ထောက်မြို့နယ်ပညာ ရေးမှူး ဒေါ်ဝင်းဝင်မော်က သင်တန်းဆိုင်ရာများအား ရှင်းလင်းပြောကြား သည်။
အဆိုပါသင်တန်းကို ဘုတ်ပြင်းမြို့နယ်အတွင်းရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းမှ သင်တန်းသား သင်တန်းသူ ဆရာ၊ဆရာမ (၂၆၀)ဦးတက်ရောက်ကြပြီး သင်တန်းနည်းပြ(၁၄)ဦးဖြင့် သင်တန်းကာလကို မေလ ၁၆ ရက်နေ့မှ မေလ ၁၈ နေ့ထိ စာတွေ့လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ်( ပြန်/ဆက်)