ငါန်းဇွန် မေ ၁၆
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ယနေ့နံနက် ၉နာရီအချိန်က ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်ရိုးသစ် အခြေခံပညာ အလယ်တန်းအဆင့် Grade-8 မြို့နယ်အဆင့်ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပသည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်သက်သက်မော်က အဖွင့်အမှာ စကားပြောကြားပြီး သင်တန်းတာဝန်ခံ ဆရာဦးမြင့်ဇော်မှ သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မြို့နယ်ပညာရေးမှူး၊ သင်တန်းကြီးကြပ်ရေးမှူး၊ သင်တန်းနည်းပြများနှင့် သင်းတန်းသား/သူ အလယ်တန်းအဆင့် ဆရာ ဆရာမများ တက်ရောက်ကြသည်။
အဆိုပါ သင်ရိုးသစ် Grade-8 မြို့နယ်အဆင့် ဆင့်ပွားသင်တန်းသို့ မြို့နယ်အတွင်းရှိ အလယ်တန်းအဆင့် ဆရာ ဆရာမ (၂၅၉)ဦး တက်ရောက်သင်ယူကြပြီး သင်တန်းကာလမှာ မေ ၁၆ရက်နေ့မှ ၁၈ရက်နေ့အထိ နေစဉ် နံနက်၉နာရီမှ ညနေ ၄ နာရီအထိ သင်တန်းကြီးကြပ် (၃)ဦး၊ သင်တန်း နည်းပြ(၁၄)ဦးနှင့် ကျန်းမာရေးအဖွဲ့ (၃)ဦးတို့ဖြင့် သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)