ရပ်စောက်မြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပ

ရပ်စောက် မေ   ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေားရွာအုပ်စုပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်း ပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ဇော်ဂျီရပ်ကွက်အတွင်းရှိ မြို့နယ်အားကစားခန်းမ၌ ကျင်းပသည်။

အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲကို မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများမှ ပြိုင်ပွဲဝင်အသင်း (၉)သင်းဝင်ရောက်ယှဉ်ပြိုင်ကြပြီး ယခုပြိုင်ပွဲများတွင် ထူးချွန်သူများအား စိစစ်ရွေးချယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဖလား မြို့နယ်ပေါင်းစုံအသက်(၂၅)နှစ်အောက် အမျိုးသားသားပိုက်ကျော်ခြင်းပြိုင်ပွဲ၌ ရပ်စောက်မြို့နယ် ကိုယ်စားပြုဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း မြို့နယ် ားကစားနှင့် ကာယပညာဦးစီးဌာနမှသိရသည်။

ရဲထက်ဦး(ပြန်/ဆက်)