ကဆုန်လပြည့်နေ ရွှေစည်းခုံစေတီရင်ပြင်၌ ပုဂံ-ညောင်ဦးမြို့ပေါ်ရှိပင့်သံဃာ (၁၀၈)ပါးအား စွမ်းဆန်စိမ်းနှင့်လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထုများလောင်းလှူ

ညောင်ဦး မေ ၁၅

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ရွှေစည်းခုံစေတီရင်ပြင်ပေါ်၌ ယမန်နေ့နံနက် ၆ နာရီအချိန်တွင် ပုဂံ-ညောင်ဦးမြို့ပေါ်ရှိ ပင့်သံဃာ (၁၀၈)ပါးအား ဆွမ်းဆန်စိမ်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထုများလောင်းလှူပူဇော်ပွဲ ကျင်းပခဲ့ကြောင်းသိရသည်။ 

ရှေးဦးစွာ ပုဂံ-ညောင်ဦးမြို့ပေါ်ပင့်သံဃာ(၁၀၈)ပါးမှ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ကြသည်။ ဆက်လက်၍ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်နှင့်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်ဌာနဆိုင်ရာများ၊ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးနန်းတင့်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များမှ ရွှေစည်းခုံစေတီရင်ပြင်၌ ပင့်သံဃာ (၁၀၈) ပါးတို့အား စွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထုများလောင်းလှူခဲ့ကြောင်း သိရသည်။

ကိုထိန်၊KPD