နောင်ချို မေ ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲခရိုင်၊နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတ အကယ်ဒမီဝိပဿနာဓမ္မရိပ်သာ ကောင်းဆက်သော် ဓမ္မဗိမာန်တော်၏ ရွှေထီးတော်အသစ် ပြန်လည်တင်လှူပူဇော်ခြင်း မင်္ဂလာနှင့် "သဖန်းကိုင်းပရဟိတ လူမှုကူညီရေးအသင်း အခမဲ့ဆေးပေးခန်း"ဖွင့်လှစ်ခြင်း အခမ်းအနားကို အဆိုပါ ဓမ္မရိပ်သာ၌ ယမန်နေ့ နံနက်(၉)နာရီအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီး ငုက္ခလေးကျောင်း ဦးစီးပဓာန နာယကဆရာတော်ဘုရားထံမှ ဧည့်ပရိသတ်များက ရှစ်ပါးသီလခံယူဆောက်တည်ခဲ့ကြကာ ဆရာတော်မှဩဝါဒကထာ မြွတ်ကြားခဲ့သည်။ ၎င်းနောက် သဖန်းကိုင်းပရဟိတလူမှုကူညီရေးအသင်း၏ နာယကဆရာတော်မှ ဩဝါဒချီးမြှင့်ခြင်း၊ အသင်းဥက္ကဋ္ဌဦးရှိုင်းဇာနည်မှ အသင်း၏ရှေ့လုပ်ငန်းစဉ်များ လျှောက်ထားတင်ပြခြင်းများ ဆောင်ရွက်ခဲ့ပြီးနောက် ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကာ "ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု"(၃)ကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်းသိရသည်။
ထွေးငယ်(ပြန်/ဆက်)