ကွမ်းခြံကုန်းမြို့နယ်၌ စူဠဘွဲ့နှင်းသဘင် စာအောင်သံဃာချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ကွမ်းခြံကုန်း မေ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ် ကံကျီး/မကြီးရပ်ကွက် ဇေယျာသိမ်ကျောင်းတိုက်၌ ၂၀၂၁ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သည့် အစိုးရပါဠိပထမပြန်စာမေးပွဲ၌ ဖြေဆိုအောင်မြင်တော်မူခဲ့သည့် စာအောင်သံဃာတော်များအား စာအောင်လက်မှတ် ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အလှူတော်ဝတ္ထုငွေ ဆက်ကပ်လှူဒါန်းပူဇော်ခြင်း စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့က ပြုလုပ်ကျင်းပခဲ့သည်။

ရှေးဦးစွာ စူဠဘွဲ့နှင်းသဘင်အခမ်းအနားတွင် မြို့နယ်သံဃာနာယကဥက္ကဋ္ဌဆရာတော် ဦးပဏ္ဍိတမင်းမှ ငါးပါးသီလတရားတော်မြတ်အားချီးမြှင့်တော်မူပြီး ၂၀၂၁ ခုနှစ် အစိုးရပါဠိ ပထမပြန်စာမေးပွဲ၌ ကြွရောက်ဖြေဆို အောင်မြင်တော်မူခဲ့သည့် မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင် တိုက် ဘုန်းတော်ကြီးကျောင်းများမှ စာအောင်သံတော် ပထမကြီးတန်းမှ (၄)ပါး၊ ပထမလတ်တန်းမှ(၅)ပါး၊ ပထမငယ်တန်းမှ(၄)ပါး၊ အခြေပြုမူလတန်းမှ(၃၂)ပါး၊ စုစုပေါင်းစာအောင်သံဃာ(၄၅)ပါးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်ကြီးသီဟန်ထွန်း၊ အဖွဲ့ဝင်(၂)ဦးရဲတင့်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ စာအောင်လက်မှတ်ဂုဏ်ပြုမှတ်တမ်းလွှာနှင့်ဝတ္ထု အလှူတော်ငွေအား ဆက်ကပ်လှူဒါန်းပူဇော်ပြီး အခမ်းအနားသို့ ကြွရောက်ချီးမြှင့်‌တော်မူကြသည့် နာယကဆရာတော်ကြီးများ စာမေးပွဲကြီးကြပ်ဆရာတော်ကြီးများနှင့် စာချဆရာတော် များအား ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်မိရပ်ဖစေတနာအလှူရှင် ဒါယကာဒါယိကာမများတို့က လှူဖွယ်ဝတ္ထုအစုစုတို့ဖြင့်  ဆက်ကပ်လှူဒါန်းပူဇော်ခဲ့ကြောင်း သိရသည်။

ထို့နောက်များအား မြို့နယ်သံဃာနာယကဥက္ကဋ္ဌဆရာတော်ဦးပဏ္ဍိတမင်းမှ ငါးပါးသီလတရားတော်မြတ်အား သာဓုအနုမောသနာတရားနှင့်ရေစက်ချတရား‌တော်ချီးမြှင့်တော်မူပြီး ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး အခမ်းအနားသို့ ကြွရောက်လာကြတော်မူသည့် ဆရာတော်သံဃာတော် များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဆွေနွယ်(IPRD)