ဝမ်းတွင်းမြို့နယ်တွင်၁၃၈၄ခုနှစ်ကဆုန်လပြည့်နေ့ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီးကျင်းပ

ဝမ်းတွင်း  မေ ၁၅

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် ၁၃၈၄ခုနှစ်ကဆုန်လပြည့်နေ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကို ယမန်နေ့နံက် နာရီခွဲအချိန်ခန့်က ရာဇမုနိ ဘုရားဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

၁၃၈၄ခုနှစ် ကဆုန်လပြည့်နေ့ ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုးဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ နှင့်ဝန်ထမ်းများ၊ စေတနာရှင်များနှင့် ပြည်သူစုစုပေါင်း(၃၅၀)ကျော်တို့မှ ပရိတ်တရားတော်များကို နာယူခဲ့ကြပြီး၊ မြို့ပေါ်ရှိဘုန်းတော်ကြီးကျောင်း(၁၄)ကျောင်းမှ သံဃာတော်( ၁၀၈)ပါးတို့အား ဆွမ်းဆန်စိမ်းများ လောင်းလှူခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများမှ ဆရာတော်ကြီး(၁၈)ပါးအား ဆွမ်း၊ ဆွမ်းဟင်းနှင့် လှူဖွယ်ပစ္စည်းများကို ဆပ်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

အဆိုပါ ၁၃၈၄ ကဆုန်လပြည့်နေ့ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီးသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ ၊စေတနာရှင်များ၊ ပြည်သူ(၃၅၀)ကျော်တက်ရောက်ကာ ဆွမ်းဆန်စိမ်း၊ ဆွမ်း၊ ဆွမ်းဟင်းနှင့် လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)