မချမ်းဘော့မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏၂၀၂၂-၂၀၂၃ခုဘဏ္ဍာ ရေးနှစ်အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အ‌ခြေခံပန်းရံသင်တန်းဖွင့်လှစ်

မချမ်းဘော့  မေ ၁၅

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ်အသက်မွေးဝမ်းကျောင်း အထောက်အကူပြုအ‌ခြေခံ ပန်းရံသင်တန်းဖွင့်ပွဲအခမ်းအနားကို မြို့နယ်ကျေးလက်ဦးစီးဌာန၌ မေလ ၁၃ ရက်နေ့ နံနက် (၁၁)ညနာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးဉာဏ်လင်းထွန်းမှအဖွင့်အမှာ စကားပြောကြားခဲ့ပြီး မြို့နယ်ဦးစီးမှူး ဦးဌေးမြင့်  (လ/ထ)ညွှန်မှူးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် စည်းကမ်းချက်များ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးကြည်မိုးမှ သင်တန်းတက်ရောက်ကြသည့် သင်တန်းသားများအနေဖြင့် သင်တန်းဆရာမှသင်ကြားပေးသည့်ပန်းရံနည်းပညာအား သေချာလေ့လာသင်ယူ၍ မိမိကျေးရွာတွင် ပြန်လည်အကျိုးရှိစွာ အသုံးချလုပ်ကိုင်ဆောင်ရွက်သွားကြရန် အားပေးစကားပြောကြားခဲ့သည်။

အဆိုပါသင်တန်းတွင် ကျေးရွာ(၅)ရွာမှ သင်တန်းသား (၁၅)ဦးတက်ရောက်ပြီးသင်တန်းသားများအတွက် လိုအပ်သောသင်ထောက်ကူပစ္စည်းများနှင့် သင်တန်းဝတ်စုံများ ထောက်ပံ့ပေးခဲ့ကာ သင်တန်းကို ၁၅ရက်ကြာ ဖွင့်လှစ်‌‌သင်ကြား‌ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)