စဉ့်ကူးမြို့နယ်တွင် သံဃာတော် (၁၀၈)ပါးအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းပွဲနှင့် မဟာသံဃိကဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

စဉ့်ကူး မေ ၁၄

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်နေ့ အခါသမယတွင် ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းတိုက်များမှ သံဃာတော်များအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းပွဲနှင့် မဟာသံဃိကဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့နံနက် ၆ နာရီက စဉ့်ကူးမြို့တွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်သာသနာ့ဗိမာန်တော်တွင် စဉ့်ကူးမြို့နယ် သံဃာ့နာယကအဖွဲ့ဝင် ဆရာတော်ကြီးများ၊ မြို့ပေါ်ရှိဘုန်းတော်ကြီးကျောင်းတိုက်အသီးသီးမှ ဆရာတော်ကြီးများ၊ မြို့နယ်အတွင်းရှိ ကျောင်းတိုက်အသီးသီးမှ ဆရာတော်ကြီးများ စုစုပေါင်း သံဃာတော် (၁၀၈) ပါးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က အရုဏ်ဆွမ်းဆပ်ကပ်ပြီး ဘုရားအနေကဇာတင် အခမ်းအနားကျင်းပခဲ့သည်။

ထို့နောက် စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး၍ မြတ်စွာဘုရားအမှူးပြုသော သံဃာတော် (၁၀၈)ပါးအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဆက်လက်ကျင်းပရာ မြို့နယ်သာသနာ့ဗိမာန်မှ ရွှေမုဌောဘုရားကြီးအထိ ဧရာအောင်မြေလမ်းမကြီးအတိုင်း လမ်းဘေးဝဲယာတစ်လျှောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင် အလှူရှင်များ စုစုပေါင်း(၂၃၇)ဦးတို့က သတ်မှတ်နေရာ (၄၄) ခုတွင် ဆွမ်းဆန်တော်များ၊ အခြားလှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထုငွေများကို စည်ကားသိုက်မြိုက်စွာ ဆပ်ကပ်လှူဒါန်းခဲ့ကြသည်။

အဆိုပါ မဟာသံဃိကဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် စဉ့်ကူးမြို့နယ်အနေဖြင့် ဝတ္ထုငွေလှူဒါန်းမှုကျပ် (၁၁၄၇၉၆၀၃ )၊ လှူဖွယ်ပစ္စည်းလှူဒါန်းမှုတန်ဖိုး (၁၃၉၀၅၀၀၀) ကျပ်ဖြစ်ပြီး လှူဒါန်းမှု စုစုပေါင်းကျပ် (၂၅၃၈၄၆၀၀) ဖြစ်ကြောင်း သတင်းရရှိသည်။

တင်ဇာလွင် (ပြန်/ဆက်)