နောင်ချို မေ ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ကဆုန်လပြည့် ဗုဒ္ဓနေ့အထိမ်းအမှတ်အဖြစ် သံသရာအေးစေတီတောင်ပေါ်၌ ကဆုန်ညောင်ရေသွန်းပူဇော်ပွဲကို ယနေ့နံနက် ၈ နာရီအချိန်ကဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေဦးစွာ ပြည်နယ်သံဃာ့ဝန်ဆောင် ဟော်တော်ကျောင်းဆရာတော်ထံမှ ပရိသတ်များက ရှစ်ပါးသီလခံယူဆောက်တည်ကာ ဆရာတော်မှညောင်ရေသွန်းပွဲ ဖြစ်ပေါ်လာရခြင်းနှင့် ညောင်ရေသွန်းပူဇော်ရခြင်း အကျိုးတို့ကိုဟောကြားခဲ့သည်။ ၎င်းနောက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့များမှ ဆရာတော်များအား ဓမ္မပူဇာအလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထိုသို့ဆက်ကပ်လှူဒါန်းပြီးနောက် ဆရာတော်၊ သံဃာတော်များဦးဆောင်၍ ဧည့်ပရိသတ်များမှ ရေဖလား၊ အတာအိုးတို့ကို ကိုင်ဆောင်ကာ စေတီတော်အား တစ်ပတ်လည်ပူဇော်ပြီးနောက် အရှေ့တောင်အရပ်ရှိ ဗောဓိညောင်ပင်တွင် ညောင်ရေသွန်းလောင်းခဲ့ကြသည်။
ထွေးငယ်(ပြန်/ဆက်)