မိုင်းဖြတ် မေ ၁၄
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် အဖွဲ့သည် ယမန်နေ့ညနေ ၃နာရီအချိန်ခန့်က မိုင်းဖြတ်မြို့သို့ ရောက်ရှိပြီး ဟိုနားကျေးရွာအနီးရှိ အရုဏ်ဦးစေတီအား ဖူးမြော်ကြည်ညို၍ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းသည် အရုဏ်ဦးစေတီတော်မြက်အား ဖူးမြော်ကြည်ညိုပြီး ပန်း၊ ဆီမီး၊ ရေချမ်းတို့ကို ကပ်လှူပူဇော်ခဲ့သည်။ ယင်းနောက် ဝန်ကြီးနှင့် အဖွဲ့သည် စေတီတော် ပရဝုဏ်နှင့် ရင်ပြင်အတွင်း စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် အေးမင်းဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီအောင်နှင့် တာဝန်ရှိသူများ၏ ကြီးကြပ်မှုဖြင့် တပ်မတော်သားများ၊ ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပြည်သူများက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)