တနိုင်းမြို့နယ် (Community Centre)၌ အခြေခံဂီတာတီးနည်း သင်တန်းဖွင့်လှစ်

တနိုင်း  မေ ၁၃

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင်အခြေခံဂီတာတီးနည်းသင်တန်းကို  မေလ ၉ ရက်နေ့ နံနက် (၈) နာရီခွဲကစ၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre၌ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
အဆိုပါ အခြေခံဂီတာတီးနည်းသင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝါဦးက နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသား/သူများအနေဖြင့် အချိန်ကိုအကျိုးရှိစွာ ကျောင်းပြင်ပအတတ်ပညာများကို အသုံးချတတ်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။
အဆိုပါ အခြေခံဂီတာတီးနည်းသင်တန်းတွင် နည်းပြဆရာ ဦးဇော်ခေါင်က Note၊Beat၊Family Chord များကို သင်ကြားပေးလျက်ရှိပြီး မေလ(၉) ရက်နေ့မှ မေလ(၃၁)ရက်နေ့အထိ တစ်လနည်းပါးဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဝါဝါ (ပြန်/ဆက်)