ရပ်စောက်မြို့၌ မီးဘေးအန္တရာယ်ကာကွယ်ရေးအသိပညာပေး Talk Show ဆောင်ရွက်

ရပ်စောက် မေ  ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မီးဘေးအန္တရာယ် ကာကွယ်ရေးအသိပညာပေး Talk Show ကို ယနေ့မွန်းလွဲ ၂ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဆုမွန်ထွန်းက မီးဘေးအန္တရာယ်ကာကွယ်ရေးအသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားပြီး မြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးကျော်ဇင်လတ်က ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍  ပြည်သူများအနေဖြင့် အထူးဂရုစိုက်ရမည့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၊ ပြည်သူ့အကျိုးပြု ဆောင်ရွက်မှုများနှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကာကွယ်ရေးအသိပညာပေး လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ စသည့်အချက်များကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

ထို့နောက် Talk Show ဆွေးနွေးပွဲသို့တက်ရောက်လာကြသည့် အမှတ်(၃)အခြေခံပညာ အလယ်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက မီးဘေးအန္တရာယ် ကာကွယ်ရေးနှင့်ပတ်သက်၍ သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ မြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးကျော်ဇင်လတ်က ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)