ဆီဆိုင်မြို့၌ ဉာဏ်စမ်းဂိမ်းပြိုင်ပွဲ ကျင်းပ

ဆီဆိုင် ဧပြီ ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယနေ့မွန်းလွဲ ၂ နာရီက မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ဉာဏ်စမ်းဂိမ်းပြိုင်ပွဲကို ကျင်းပပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြိုင်ပွဲသို့ လာရောက်ယှဉ်ပြိုင်ကြသော မူလတန်းအဆင့်ကျောင်းသား၊ ကျောင်းသူများအား ဆီဆိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက ပြိုင်ပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတနှင့် ဉာဏ်ရည်ဉာဏ်သွေးများ ထက်မြက်လာစေရန်  ရည်ရွယ်၍ ကျင်းပပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ဉာဏ်စမ်းဂိမ်းပြိုင်ပွဲကို ယှဉ်ပြိုင်စေခဲ့ပြီး ဆုရရှိသည့်ကျောင်းသား၊ ကျောင်းသူများအား ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)