သိန္နီမြို့နယ်တွင် ဗုဒ္ဓဘာသာယဉ်ကျေးမူစာမေးပွဲဖြေဆို

သိန္နှီ မေ ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ် ပညာရေးဌာနနှင့်မြို့နယ်သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနတို့ ပူးပေါင်း၍ နွေရာသီကျောင်းပိတ်ရက် ကျောင်းသား၊ ကျောင်းသူ/ လူငယ်များ အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်နှင့် ယဉ်ကျေးလိမ္မာမူရှိစေရန် ရည်ရွယ်၍ အထက(၁)ကျောင်းတွင် မေလ ၅ ရက်နေ့မှ မေလ ၁၂ ရက်နေ့ထိ ဗုဒ္ဓဘာသာယဉ်ကျေးမှုဘာသာရပ်များကို သင်ကြားခဲ့ရာ ယနေ့နံနက် ၉ နာရီအချိန်တွင် ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အဆိုပါစာမေးပွဲတွင် ဘုရားရှိခိုးခြင်း၊ ကာသကန်တော့ချိုးရွတ်ဆိုခြင်း၊ ဘုရားရှိခိုး(ပါဠိ)၊ သရဏဂုံဆောက်တည်ပုံ(ပါဠိ)၊ ငါးပါးသီလတောင်းခံပုံ(ပါဠိ)၊ ငါးပါးသီလဆောက်တည်ပုံ(ပါဠိ)၊ ဘုရားဂုဏ်တော် ၉ ပါး၊ တရားဂုဏ်တော် ၆ ပါး၊ သံဃာဂုဏ်တော် ၉ ပါး၊ ပဌာန်း(ပါဠိ)၊ တရားထိုင်နည်းကဗျာ၊ ဗုဒ္ဓသာသနံစိရံဒိဌတု၊ သမ္ဗုဒ္ဓေဂါထာတော်ကြီး(ပါဠိ) မေတ္တာပို့နှင့်အမျှ​ဝေ ဘာသာရပ်များပါ၀င်သည်။ အဆိုပါစာမေးပွဲတွင် မြို့ပေါ်ရှိ မူလတန်းအဆင့် ကျောင်းသား(၁၄)ဦးနှင့် ကျောင်းသူ (၂၀)ဦး စုစု ပေါင်း (၃၄)ဦး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

စောဥမ္မာ(သိန္နီ)