လောင်းလုံးမြို့နယ်၌ မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရန်သစ်စိမ်းမြေဩဇာအဖြစ်(ပိုက်ဆန်လျှော်)စိုက်ပျိုးရန် ပညာပေးဆွေးနွေးခြင်းနှင့် သရုပ်ပြပွဲကျင်းပ

လောင်းလုံး မေ ၁၃

တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ လောင်းလုံးမြို့နယ် မဲမော်ကျေးရွာအုပ်စု၌ မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ သစ်စိမ်း မြေဩဇာအဖြစ် (ပိုက်ဆန်လျှော်) စိုက်ပျိုးရန်နှင့် ပညာပေးဆွေးနွေးခြင်းကို မဲမော်ကျေးရွာအုပ်စု အကျိုးဆောင်တောင်သူဦးမောင်စိုး၏ လယ်(၅) ဧကတွင် ယမန်နေ့ကကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ လောင်းလုံးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးမှ မြေဆီလွှာဖွံ့ဖြိုးတိုးတက်လာစေရန် သစ်စိမ်းမြေဩဇာအဖြစ် (ပိုက်ဆန် လျှော်) စိုက်ပျိုးခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများအား ရှင်းလင်းဆွေးနွေးခဲ့ပါ သည်။

ထို့နောက် တက်ရောက်လာသော တောင်သူများ၏မေးမြန်းချက်ကို တာဝန်ရှိသူများက ပြန်လည်ဖြေကြားပြီး တက်ရောက်သူတောင်သူများ ကိုယ်တိုင်(ပိုက်ဆန်လျှော်)အား လယ်(၅) ဧကတွင် မျိုးစေ့ကြဲပက်စိုက်ပျိုးခဲ့ကြောင်း သိရသည်။

သူရ (လောင်းလုံး)