မိတ္ထီလာနည်းပညာတက္ကသိုလ်တွင် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကျင်းပ

မိတ္ထီလာ မေ ၁၃

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် နည်းပညာတ္ကသိုလ်တွင် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယမန်နေ့က အဆိုပါတက္ကသိုလ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဒုတိယပါမောက္ခချုပ် ဒေါက်တာအောင်နိုင်မြင့်က ၂၀၂၂-၂၀၂၃ပညာသင်နှစ် ဘွဲ့ကြို (ပထမနှစ်) တက်ရောက်မည့် ကျောင်းသားကျောင်းသူများအား ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။ ၎င်းနောက် သင်တန်းရေးရာဌာနမှ ဌာနကြီးမှူး ဒေါက်တာဘုန်းကျော်က ကျောင်းသားရေးရာဌာနရှိ ဝန်ထမ်းများနှင့်မိတ်ဆက်ပေးခဲ့ပြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ဌာနမှူးများက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး မိမိတို့ဌာနရှိ ဘာသာရပ်များအကြောင်းကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ဒုတိယပါမောက္ခချုပ် ဒေါက်တာအောင်နိုင်မြင့်၊ သင်တန်းရေးရာဌာနမှ ဌာနကြီးမှူးဒေါက်တာဘုန်းကျော်၊ ဌာနမှူးများနှင့် ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)