ဒဂုံမြောက် မေ ၁၃
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ လုပ်ငန်းစီမံကိန်းများ အဆိုပြု လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ဒေသန္တရ စီမံကိန်း လုပ်ငန်းများ အဆိုပြု ရည်မှန်းဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် ပတ်သတ်၍ အကျယ်တဝင့် ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီအတွင်းရေးမှူး မြို့နယ်စီမံကိန်း ဦးစီးဌာန၊ မြို့နယ်စီမံကိန်းဦးစီးမှူး ဒေါ်သက်သက်စိုးက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ လုပ်ငန်းစီမံကိန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများနှင့် အပြန်အလှန် ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူးမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရမည့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများအား လုပ်ငန်းများ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေး တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ပပ(ပြန်/ဆက်)