မိတ္ထီလာမြို့နယ်တွင် ဆပ်ပြာနှင့်ခေါင်းလျှော်ရည်ပြုလုပ်နည်း သင်တန်းဆင်းပွဲကျင်းပ

မိတ္ထီလာ မေ ၁၃

မိတ္ထီလာမြို့နယ်တွင် ဆပ်ပြာနှင့်ခေါင်းလျှော်ရည်ပြုလုပ်နည်းသင်တန်းဆင်းပွဲကို ယမန်နေ့က ဆည်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မျိုးမျိုးလတ်က မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိရန်နှင့် ကိုယ်ပိုင်လုပ်ငန်းများထူထောင်နိုင်ရန် ရည်ရွယ်၍ အသက်မွေး ဝမ်းကျောင်းသင်တန်းများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ရက်ကန်းနှင့်အသက်မွေးပညာ သင်တန်းကျောင်းတို့ ပူးပေါင်း၍ ကျေးရွာအရောက် ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မျိုးမျိုးလတ်နှင့် တာဝန်ရှိ သူများက သင်တန်းသားသင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။

အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားကို မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မျိုးမျိုးလတ်၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းမှကျောင်းအုပ်ဆရာကြီး ဦးသာဝနှင့်တာဝန်ရှိသူများ၊ သင်တန်းသားသင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

၎င်းသင်တန်းကို မိတ္ထီလာမြို့နယ် ဆည်ကုန်းကျေးရွာမှ သင်တန်းသားသင်တန်းသူ (၁၅)ဦး တက်ရောက်ပြီး သင်တန်းကို မေ ၃ ရက်နေ့မှ ၁၂ ရက်နေ့အထိ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)