ချမ်းအေးသာစံ မေ ၁၃
အခြေခံပန်းချီပညာ သင်တန်းဆင်းပွဲ အခမ်းအနားကို မေလ ၁၃ရက်နေ့ နေ့လည်၁၂နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် ပန်းချီပညာရှင် ဦးရွှေမော်က သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းသား၊ သင်တန်းသူများအား ပန်းချီပြိုင်ပွဲကျင်းပပေးခဲ့ရာ ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်ခဲ့သည်။
ထို့နောက် ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်က ကျေးဇူးတင်စကားပြောကြားခဲ့သည်။
အဆိုပါ သင်တန်းကို မေလ ၉ရက်နေ့မှ မေလ ၁၃ရက်နေ့အထိ နံနက် ၁၀နာရီမှ နေ့လည် ၁၂ နာရီထိ အခမဲ့သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
ထိပ်ထားနိုင်