အလုံ မေ ၁၃
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်အတွင်းရှိ ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရေးနှင့် စျေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ စီစဉ်မှုဖြင့် ယနေ့နံနက်(၈:၀၀)နာရီအချိန်က ဌာနာရပ်ကွက်၊ အလုံမြို့နယ် ခန်းမရှေ့တွင် အခြေခံ စားသောက်ကုန်များဖြစ်သည့် ကြက်ဥနှင့် အသား၊ ငါးများ ရောင်းချပေးလျက်ရှိပါကြောင်း သိရသည်။
ထို့သို့ရောင်းချပေးခဲ့ရာတွင် ကြက်တစ်ပိဿာ ၇၀၀၀ကျပ်၊ ဆိတ်သားသားတစ်ပိဿာ ၂၀၀၀ဝကျပ်၊ အရိုးအသားတစ်ပိဿာ (၁၂၀၀ဝ)ကျပ်၊ ကလီစာတစ်ပိဿာ (၉၀၀ဝိ)၊ အမဲတစ်ပိဿာ ၁၂၀၀ဝကျပ်၊ ဝက်သားအဆီအသားတစ်ပိဿာ ၁၀၀၀၀ကျပ်၊ ဝက်သားလှိုင်းသား/အသားရှယ်တစ်ပိဿာ ၁၂၀၀၀ ကျပ်၊ နံရိုးတစ်ပိဿာ ၉၀၀ဝကျပ်ဖြင့် ဈေးနှုန်း ချိုသာစွာ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ စျေးရောင်းချရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းထွန်း၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ထွန်းနှင့် စည်ပင်သာယာရေး ဝန်ထမ်းများက စျေးလာရောက်ဝယ်ယူကြသူများ စနစ်တကျ ဝယ်ယူနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်၊၊
တင်တင်ချို