ကမာရွတ်မြို့နယ်တွင် Mobile ဈေးကားနှင့်သားငါးများကို ဈေးနှုန်းသက်သာစွာ ရောင်းချ

ကမာရွတ် ‌​​မေ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် ရန်ကုန်မြို့​တော် စည်ပင်သာယာ​ရေး​ကော်မတီ တိရစ္ဆာန်​ဆေးကုနှင့် သားသတ်ရုံများဌာန၊​ စျေးများ ဌာနနှင့် သန့်ရှင်း​ရေးဌာနတို့မှ ဦးစီး၍ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းတို့ ပူး​ပေါင်းကာ ကမာရွတ်မြို့နယ်တွင်းရှိ ပြည်သူများ အ​ခြေခံစားကုန်များကို ဈေးနှုန်း သက်သာစွာ လွယ်လင့်တကူ ဝယ်ယူစားသုံးနိုင်ရန်အတွက် ယနေ့နံနက်(၇:၀၀)နာရီအချိန်မှ စတင်၍ အမှတ်(၈)ရပ်ကွက် မြန်မာအသံနှင့်ရုပ်မြင်သံကြား အိမ်ရာရှိ ဝန်ထမ်း အိမ်ရာများနှင့် အမှတ်(၇) ရပ်ကွက်ရှိ ပြည်ရိပ်မွန်အိမ်ရာဝင်းနှင့် စည်ပင်သာယာ ရဲစခန်းဝင်းတွင် တိရစ္ဆာန်​ဆေးကုသ​ရေးနှင့် သားသတ်ရုံများဌာနမှ ကြက်သား၊ ဝက်သား၊ အမဲသားနှင့် ဆိတ်သားများကိုလည်​ကောင်း၊ ​စျေးများဌာနမှ​ ရေထွက်ပစ္စည်း ငါးနှင့် ပုဇွန်များကိုလည်​ကောင်း၊ ပတ်ဝန်းကျင် သန့်ရှင်​ရေးဌာနမှ ကုန်စိမ်းနှင့် ကုန်​ခြောက် အမျိုးမျိုးကို​လည်း​ကောင်း၊ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များ အသင်းမှ ဆန်များကို စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိရာ ကြက်တစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ အမဲသားတစ်ပိဿာ (၁၃၀၀၀)ကျပ်၊ ဝက်သားတစ်ပိဿာ (၁၀၀၀၀)ကျပ်၊ ဆိတ်သားတစ်ပိဿာ(၂၀၀၀၀)ကျပ်၊ ကြက်ဥ(၁၀)လုံးပါ တစ်ကဒ်(၁၃၀၀)ကျပ်၊ ဆန်​ချော(၅)ပြည်ပါ တစ်အိတ်(၈၅၀၀)ကျပ်၊ ဆန်ကြမ်း(၅)ပြည်ပါ တစ်အိတ်(၅၀၀၀)ကျပ်၊ ဆီ(၅၀)ကျပ်သား တစ်ဘူး(၁၈၅၀)ကျပ်ဖြင့် ​စျေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဈေးရောင်းချရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ကြီးကြပ်ပြီးမြို့နယ် စည်ပင်သာယာရေး ကော်မတီအဖွဲ့များမှ ပူးပေါင်း၍ ပြည်သူများ အဆင်ပြေဝယ်ယူနိုင်ရေး ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

စိမ်းလဲ့