ဟားခါး မေ ၁၃
ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၂၂)ကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ ဆောင်ရွက်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးသည့် နိုင်(၄) မှတ်တမ်းများအား သတ်မှတ်ကာလအတွင်း စာရင်းရေးသွင်းပြီးစီးနိုင်ရေးအတွက် ကွန်ပျုတာများ နှင့် ကွန်ပျူတာကျွမ်းကျင်ဝန်ထမ်းများအား ဌာနဆိုင်ရာများမှ ဖြည့်ဆည်းကူညီပေးရန်နှင့် နိုင်(၄) မှတ်တမ်းပါ နိုင်ငံသားအမှတ်နှင့် အချက်အလက်များအား အချိန်မီပြီးစီးနိုင်ရေးအတွက် ဆက်လက်ပူးပေါင်း ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့နေထိုင်ကြသည့် ပတ်ဝန်းကျင် သန့်ရှင်း သပ်ရပ်နေမှသာလျှင် သန့်ရှင်းသာယာလှပသောမြို့၊ ရွာများ ဖြစ်လာမည်ဖြစ်သည့်အတွက် မိမိဒေသ၊ မိမိမြို့၊ ရွာများ သန့်ရှင်းသာယာလှပရေးကို ဒေသခံများနှင့် ဌာနဆိုင်ရာက ပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးနေစိုးက တရားရေးဆိုင်ရာလုပ်ငန်း များ ဆောင်ရွက်မှုကို လည်းကောင်း၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်က လုံခြုံရေးဆိုင်ရာများနှင့် ပတ်သက်၍ လည်းကောင်း၊ ပြည်နယ်အစိုးရ အဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းက မြို့နယ်များတွင် ပြည်သူ့အကျိုးပြု စုပေါင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နိုင် မည့်မြို့နယ်များ ရွေးချယ်သတ်မှတ်ရေးနှင့် ဌာနဆိုင်ရာ များ ပူးပေါင်းပါဝင်ဆောင်ရွက်ရေးတို့နှင့် ပတ်သက်၍ လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်က နိုင်(၄)မှတ်တမ်းပါ နိုင်ငံသားအမှတ်နှင့် အချက်အလက်များ Excel Format အတွင်း စိုက်သွင်းခြင်းနှင့် Software အတွင်း ထည့်သွင်းခြင်း လုပ်ငန်းများနှင့် ပတ်သက်၍ လက်ရှိဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ရန်ကျန်အခြေအနေ၊ ဇွန်လ (၃၀) ရက်နေ့တွင် ပြီးစီးနိုင်ရေးအတွက် ကွန်ပျူတာနှင့် ကျွမ်းကျင်ဝန်ထမ်းလိုအပ်မှုအခြေအနေ၊ ဌာနဆိုင်ရာများမှ ပံ့ပိုးပေးစေလိုသည့်အချက်များကို Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ထို့နောက် အစည်းအဝေး တက်ရောက်သည့် ဌာနဆိုင်ရာတာဝန်ရှိသူများက နိုင်(၄) မှတ်တမ်းပါ နိုင်ငံသားအမှတ်နှင့် အချက်အလက်များ အချိန်မီရေးသွင်းပြီးစီးနိုင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် ဌာနအလိုက် လုပ်ငန်းဆောင်ရွက်မှုနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများ အခြေအနေများနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ရှင်းလင်းတင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင့်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းနှင့် စစ်ဗျုဟာ (အခြေချ) ဟားခါးမှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောထွန်းတို့က အကြုံပြုဖြည့်စွက် ဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်တို့က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)