ရေဖြူမြို့နယ်တွင် (Grade_5) သင်ရိုးသစ် သင်တန်းဆင်းပွဲ ကျင်းပ

ရေဖြူ မေ ၁၃

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင်၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်ရိုးသစ် Grede-5 သင်တန်းကို ယနေ့နံနက် (၁၁) နာရီက သင်တန်းဆင်းပွဲအခမ်းအနားအား အခြေခံပညာအထက်တန်းကျောင်း၊ ရေဖြူမြို့ကျောင်းခန်းမတွင်ပြုလုပ်ကြောင်း သိရသည်။

အဆိုပါသင်တန်းဆင်းပွဲတွင် မြို့နယ်ပညာရေးမှူး ဦးမောင်ညိုက သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းသူဆရာမတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။

အဆိုပါ သင်တန်းကို မေလ (၁၀)ရက်နေ့မှ (၁၃)ရက်နေ့အထိ (၄)ရက်ကြာဖွင့်လှစ်ခဲ့ပြီး ကျောင်းသား/ကျောင်းသူများအား သင်ကြားပို့ချရာတွင် ကျွမ်းကျင်ပိုင်နိုင်စေရန် ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်ရိုးသစ် Grade-5 ၏ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ စာရိတ္တ၊ ပြည်သူ့နီတိနှင့် ကာယပညာရပ်များကို ပို့ချ‌ပေးခဲ့ကြောင်း သိရသည်။

သင်တန်းတွင် နည်းပြဆရာများအဖြစ် မူလတန်းကျောင်းအုပ် ၁၆ ဦးကပို့ချပြီး ရေဖြူမြို့နယ် ပညာရေးမှူးရုံး၊ မြို့နယ်ပညာရေးမှူးဦးမောင်ညိုနှင့် လက်ထောက်ပညာရေးမှူးနှစ်ဦးတို့မှ အနီးကပ်ကြီးကြပ်ကာ သင်တန်းသား/သူ ဆရာဆရာမ(၂၂၈)ဦးက သင်တန်းပြီးဆုံးသည်အထိ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခတ္တာ(ရေဖြူ)