မန်ကန် စက်တင်ဘာ ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မန်ကန်မြို့တွင် COVID-19 ရောဂါ ကြိုတင်ကာကွယ်တားဆီး နိုင်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်၍ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ယင်းသို့ဆောင်ရွက်ရာတွင် မန်ကန်မြို့ရှိ ဌာနဆိုင်ရာများ ပူးပေါင်း၍ မန်ကန်မြို့ဝင်ဂိတ်မှ ဖြတ်သန်းသွားလာ သူများအား မက်(စ်)များ အခမဲ့ဖြန့်ဝေပေးခြင်း၊ အပူတိုင်းတာခြင်း လုပ်ငန်းများနှင့် COVID-19 ရောဂါနဲ့ ပတ်သက်သည့် အသိပညာပေးလုပ်ငန်းများအား ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
ကျော်ဇင်ထက် (ပြန်/ဆက်)