ပုသိမ်ကြီးမြို့နယ် မြို့နယ်စာရေးဆရာအသင်း၊ Book Club၊ Youth Club များနှင့် ညှိနှိုင်းအစည်းအဝေးကျင်းပ

ပုသိမ်ကြီး၊  စက်တင်ဘာ ၃

ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် လုပ်ငန်းများ အရှိန်အဟုန်မပျက် ဆက်လက်ဆောင် ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက်၌ ကျင်းပခဲ့သည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်စိမ်းဝင်းက ကိုဗစ် -၁၉ ရောဂါကာလအတွင်း ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်ချက်များအား လိုက်နာသောအားဖြင့် လူအများနှင့် ဆောင် ရွက်ခွင့်မရှိသော်လည်း စာဖတ်ပရိသတ်များ၊ မြို့နယ်အတွင်း ထိရောက်သည့် အသွင်သဏ္ဍာန်ဖြင့် လုပ်ငန်းများဆောင်ရွက်လိုကြောင်းကို မြို့နယ်စာရေးဆရာအသင်း၊ Book Club၊ Youth Club များသို့ ချပြဆွေးနွေးခဲ့ရာ မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးစိုးနိုင်ဆွေနှင့် အလုပ်အမှုဆောင်များက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးစိုးနိုင်ဆွေ၊ စာရေးဆရာ ဦးရန်ရှင်း၊ ဓာတ်ပုံဆရာ ဦးအောင်ကျော်ထွန်း၊ ကာတွန်း/ပန်းချီဆရာ ကိုကြီး (ဘူမိ)နှင့် အလုပ်အမှုဆောင်များ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဇာနည်ကိုကို