မိုင်းပန် စက်တင်ဘာ ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာလအတွင်း မဲဆန္ဒရှင် ပြည်သူများ မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် ပြည်သူ့ဝန်ဆောင်မှုရုံး (OSS)၊ ရွေ့လျားဝန်ဆောင်မှု လုပ်ငန်း ဖြင့် မြေပြင်ကွင်းဆင်းဆောင်ရွက်ထားသော နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ပြည်သူများ၏ လက်ဝယ်သို့ ယမန်နေ့ နံနက် ၈ နာရီအချိန်က ကျေးရွာအရောက် သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
မိုင်းပန်မြို့နယ်၊ ဝိုးလိုင်းကျေးရွာအုပ်စုရှိ (၃) မိုင်ကျေးရွာ၊ တုံတစ်ကျေးရွာ၊ (၉) မိုင်ကျေးရွာ၊ ဝမ်ထမ်ကျေးရွာ၊ ရွာသာယာကျေးရွာနှင့် တာဆန်းကျေးရွာများသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာမြို့နယ်ဦးစီးမှူးရုံး၊ မြို့နယ်ဦးစီးမှူး ဦးသန်းအောင်နှင့် ဝန်ထမ်းများမှ ကျေးရွာအရောက်သွားရောက်၍ ပြည်သူ့ဝန်ဆောင်မှုရုံး (OSS)၊ ရွေ့လျားဝန်ဆောင်မှု လုပ်ငန်းအနေဖြင့် ကျေးရွာ နေပြည်သူ (၄၇) ဦးအတွက် နိုင်ငံသား စိစစ်ရေးကတ်ပြားများအား လက်ဝယ် ကွင်းဆင်း ပေးအပ် ခဲ့ကြောင်း သတင်းရရှိသည်။
ဆန်းမြင့်(ပြန်/ဆက်)