Covid – 19 စီးပွားရေး ကုစားမှု အစီအစဉ်အရ ဆောင်ရွက်သော စပါးမျိုးစေ့ ထုတ်လုပ်ခြင်း ဧက(၅၀)အတွက် ဒုတိယ အကြိမ် ထောက်ပံ့ငွေ ၃၂သိန်း ၅သောင်းကျပ်အား တောင်သူများအားပေးအပ်

 

လွိုင်လင်     စက်တင်ဘာ  ၄

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၉ နာရီ အချိန်က CERP အစီအစဉ်ဖြင့် ဆောင်ရွက်သည့် မိုးစပါး   Rs to Cs မျိုးစေ့ထုတ်စိုက်ခင်း စိုက်ပျိုး သည့် တောင်သူများအား မျိုးကွဲပယ်ခြင်း၊ ချွေလှေ့ သန့်စင်ခြင်းအတွက် ဒုတိယအကြိမ် ထောက်ပံ့ငွေ ပေးအပ်ခြင်း အခမ်းအနားအား ကျင်းပပြုလုပ်ရာ ခရိုင်ဦးစီးအရာရှိ ဒေါ်နန်းစောမြမှ အဖွင့်အမှာ စကား ပြောကြားပေးခဲ့ပြီး  မြို့နယ် ဦးစီးမှူး ဒေါ်အေးမို့မို့ထွန်းမှ မျိုးကွဲပယ်ခြင်း၊ ချွေလှေ့သန့်စင်ခြင်းအတွက် ထောက်ပံ့ငွေ ပေးအပ်မှု အပေါ်လုပ်ငန်းစဉ် အဆင့်ဆင့်အားရှင်းလင်းပြောကြား ပေးခဲ့သည်။

ဆက်လက်၍ တာဝန်ရှိသူများမှ မျိုးစေ့ထုတ်တောင်သူများအား မျိုးကွဲပယ်ခြင်း၊ ချွေလှေ့သန့်စင်ခြင်းအတွက် ဒုတိယ အကြိမ်ထောက်ပံ့ငွေများအား အသီးသီးပေးအပ်ခဲ့ကြသည်။ အဆိုပါအခမ်းအနားတို့ ခရိုင်/မြို့ နယ် အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် လွိုင်လင်မြို့နယ် အတွင်းရှိ မျိုးစေ့ထုတ် တောင်သူများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။

Covid – 19 စီးပွားရေး ကုစားမှုအစီအစဉ်အရ ဆောင်ရွက်သော  Rs to Cs မျိုးစေ့ထုတ်လုပ်သူ  တောင်သူ များအား ထောက်ပံ့ပေးရေးအစီအစဉ်အရ မျိုးစေ့ထုတ်ဧက(၅၀)စိုက်ပျိုးမည့်တောင်သူ (၁၇)ဦးအား ဩဂုတ်လ (၁၂)ရက်နေ့က ပထမအကြိမ်အဖြစ် မျိုးစေ့ဖိုးနှင့်စိုက်ပျိုးပြုစုခြင်းအတွက် ဧက(၅၀)အတွက် (၄၁၇၅၀၀၀) သိန်းအား ထောက်ပံ့ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်းနှင့်ယနေ့ဒုတိယအစီအစဉ်အရ မျိုးကွဲ ပယ်ခြင်းအတွက်  တစ်ဧက (၅၀၀၀၀)ကျပ်နှုံးဖြင့် ဧက(၅၀)အတွက်ကျပ် (၂၅၀၀၀၀၀)သိန်း၊ ရိတ်သိမ်းချွေလှေ့သန့်စင်ခ တစ်ဧက (၁၅၀၀၀)ကျပ်နှုံးဖြင့်(၇၅၀၀၀၀)ကျပ် စုစုပေါင်း (၃၂၅၀၀၀၀ကျပ်)အား ထောက်ပံ့ ပေးအပ် ခဲ့ကြောင်း သိသည်။

ဝင်းမင်းသန့်(ပြန်/ဆက်)