ဗန်းမော် မေ ၁၂
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန ကချင်ပြည်နယ် ဗန်းမော်တက္ကသိုလ်တွင် ပြန်လည် ဖွင့်လှစ်ရာ ကျောင်းသား၊ ကျောင်းသူများအား ယနေ့ နံနက် ၉ နာရီက စတင်၍ ဘာသာရပ် အသီးသီးကို အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ထိုသို့ စတင်ဖွင့်လှစ်ရာတွင် ဗန်းမော်တက္ကသိုလ်၌ ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ ဂုဏ်ထူးတန်း တို့ကို ပညာသင်နှစ်အသီးသီးမှ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ ဖွင့်လှစ်သင်ကြားလျက်ရှိပြီး ဗန်းမော်တက္ကသိုလ်တွင် ဖွင့်လှစ်ပို့ချပေး လျက်ရှိသည့် ပညာသင်နှစ်အသီးသီးမှ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံခြင်းများ အဆင်ပြေချောမွေ့စေရန်နှင့် အေးချမ်းစွာ တက်ရောက်ပညာသင်ကြားနိုင်ရေးအတွက် တာဝန်ရှိသူ များက စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
ဗန်းမော်တက္ကသိုလ်တွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ ပထဝီဝင်၊ သမိုင်း၊ ဒဿနိကဗေဒ၊ ဥပဒေပညာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ သင်္ချာ၊ သတ္တဗေဒ၊ ရုက္ခဗေဒ၊ ဘူမိဗေဒနှင့် စီးပွားရေး ဘာသာရပ်အသီးသီးတို့ဖြင့် ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
ကိန်းဖြူ(ပြန်/ဆက်)