ကျိုင်းတုံ မေ ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံကွန်ပျူတာတက္ကသိုလ်၌ မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယနေ့နံနက် ၁၀ နာရီက အဆိုပါကျောင်းခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ ကျိုင်းတုံကွန်ပျူတာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် က ကြိုဆိုနှုတ်ခွန်းဆက် စကားနှင့်တက္ကသိုလ်မှ ချမှတ်ထားသည့် ကျောင်းသား၊ ကျောင်းသူများလိုက်နာရမည့် စည်းကမ်းများ၊ အဆောင်နေစည်းကမ်းများကို ရှင်းလင်းပြောကြားပြီး ဌာနမှူးများနှင့် ဆရာ၊ ဆရာမများက သင်ကြားမည့်ဘာသာရပ်များအလိုက် ပရိုဂျက်တာဖြင့် မိတ်ဆက်ရှင်းလင်းပြောကြားသည်။
ကျိုင်းတုံ ကွန်ပျူတာတက္ကသိုလ်၌ ယနေ့မေလ ၁၂ ရက်မှ စတင်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပထမနှစ်(ပထမနှစ်ဝက်)သင်တန်း၊ ၂၀၁၉-၂၀၂၀ ပညာသစ်နှစ် ဒုတိယနှစ် (ဒုတိယနှစ်ဝက်) သင်တန်း၊ ၂၀၁၉-၂၀၂၀ ပညာသစ်နှစ် တတိယနှစ်(ဒုတိယနှစ်ဝက်)သင်တန်း၊ ၂၀၁၉-၂၀၂၀ ပညာသစ်နှစ် ပဉ္စမနှစ်(ပထမနှင့် ဒုတိယနှစ်ဝက်)သင်တန်းများဖွင့်လှစ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများများ အေးချမ်းစွာ စာသင်ကြားလျက်ရှိကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)