သရက်ချောင်း မေ ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် မိုးစပါးသီးနှံစိုက်ပျိုးထုပ်လုပ်မည့် ချေးငွေလုပ်ငန်းအကြံပေးအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သရက်ချောင်းမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် မိုးစပါးသီးနှံ စိုက်ပျိုးထုပ်လုပ်နိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ တောင်သူလယ်သမားများအား ၂၀၂၂ ခုနှစ် မိုး(စပါး)သီးနှံ စိုက်ပျိုးထုပ်လုပ်နိုင်ရေးအတွက် ဘဏ်ချေးငွေထုတ်ချေးခြင်း၊ အဆိုပါချေးငွေများကို ပြန်လည်ကောက်ခံခြင်းလုပ်ငန်းတို့၌ ပြီးမြောက်အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက်သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချူပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မိုးထွေးနှင့်အဖွဲ့ဝင်များက ဦးဆောင်၍ ချေးငွေလုပ်ငန်းအကြံပေးအဖွဲ့ကို ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့ကြောင်း သိရသည်။
သားကြီး (သရက်ချောင်း)