ထန်တလန် စက်တင်ဘာ ၄
ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီ မြို့နယ်အဆင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ညနေ ၃ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါအစည်းအဝေးတွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေမြင့်က ထန်တလန်မြို့အဝင် လိုင်ပေါင်းလုံဂိတ် စစ်ဆေးရေး ဂိတ်တွင် အသွားအလာ ကန့်သတ်ထားသည့် နေရပ်ပြန်လာသူများအား စစ်ဆေးရာတွင် စနစ်တကျ ကြီးကြပ် ဆောင်ရွက်ရန်၊ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များနှင့် မြို့နယ် စည်ပင်သာ စျေးများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သက်မှတ်ထားသော စည်းကမ်းချက်များ နှင့်အညီ ရောင်းချခြင်းရှိ/မရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများမှ နေ့စဉ် ကွင်းဆင်းစစ်ဆေးကြရန် စသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေး ပြောကြားသည်။
ထို့နောက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဝင်များက ကိုဗစ် -၁၉ ကူးစက်ရောဂါ နှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများအား ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း၊ အစည်းအဝေးသို့ မြို့မိမြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဝင်များ တက်ရောက် ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)