အင်းစိန်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၌ နွေရာသီအခမဲ့ သင်တန်းအဖြစ် ကွန်ပျူတာ သင်တန်းဆင်းပွဲကျင်းပ

ရန်ကုန် မေ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့် ကျောင်းသူဦး၊ ကျောင်းသူများ နွေရာသီတွင် ကွန်ပျူတာပညာကို တတ်မြောက်နိုင်စေရန် ရည်ရွယ်၍ နွေရာသီအခမဲ့သင်တန်းအဖြစ် ကွန်ပျူတာသင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲ(၃)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊ လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့သည်။

သင်တန်းဆင်းပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ ဦးစီးအရာရှိ ဒေါ်ခင်နှင်းကြည်က အမှာစကားပြောကြားခဲ့ပြီး ဦးစီးအရာရှိ ဒေါ်ခင်နှင်းကြည်နှင့်တာဝန်ရှိသူများက သင်တန်းတွင် ထူးချွန်စွာဖြင့် ပထမ၊ ဒုတိယ၊ တတိယ ရရှိခဲ့ကြသော ကျောင်းသူ(၃)ဦးအား ဆုများအသီးသီး ချီးမြှင့်ခဲ့ကြသည်။

ကွန်ပျူတာသင်တန်းကို ဧပြီလ(၂၀)ရက်နေ့မှ မေလ(၁၁)ရက်နေ့အထိ မွန်းလွဲ(၁)နာရီအချိန်မှ ညနေ(၄)နာရီအချိန်အထိ သင်တန်းသူ(၂၀)ဦး ဖွင့်လှစ်သင်ကြခဲ့ခြင်းဖြစ်ပြီး နွေရာသီအခမဲ့သင်တန်းများအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန Community Cnetre ခန်းမတွင် အဆိုပါကွန်ပျူတာသင်တန်းအပြင် ပြည်သူများနှင့် ကျောင်းသူ၊ ကျောင်းသူများအတွက် အတတ်ပညာဗဟုသုတရရှိစေမည့် သင်တန်းများကိုလည်း ဆက်လက် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇွဲထက်ကို