ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေပြီး သွေးလိုအပ်သောလူနာများအတွက် သွေးမျိုးစုံ (၁၂) လုံး လှူဒါန်း

ညောင်ဦး၊ စက်တင်ဘာ ၄

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေပြီး သွေးလိုအပ်သောလူနာများအတွက် မြင့်မြတ်သူစေတနာ သွေးလှူရှင်နှင့် လူနာတင်ယာဉ်ကူညီမှုအသင်းမှ သွေးမျိုးစုံ (၁၂) လုံးကို ယမန်နေ့က လှူဒါန်းခဲ့ကြောင်း သိရသည်။

မြင့်မြတ်သူစေတနာသွေးလှူရှင်နှင့် လူနာတင်ယာဉ်ကူညီမှုအသင်းအနေဖြင့် ဆေးရုံမှာ သွေးလှူရှင်အသင်းဆိုပြီး ရုံးခွဲလေးဖွင့်လှစ်ထားကြောင်း၊ သွေးလိုအပ်သည့်လူနာရှင်များက ဘာသွေးလိုကြောင်း အကြောင်းကြားရုံဖြင့် လူနာဆီကို အရောက်သွေးလှူရှင်ကိုခေါ်ပြီး သွေးလှူဒါန်းစေကြောင်း၊ ထို့နောက် အာဟာရဖြစ်စေတဲ့ အစားအစာများကိုကျွေးမွေးပြီး ပြန်လည်ပို့ဆောင်ပေးကြောင်း၊ ထို့ပြင် သွေးလှူးဒါန်းမည့်သူများအား ၎င်းတို့ကပင် ဆက်သွယ်ရှာဖွေ၍ လှူဒါန်းပေးခြင်းဖြစ်ကြောင်း မြင့်မြတ်သူစေတနာ သွေးလှူရှင်နှင့် လူနာတင်ယာဉ်ကူညီမှုအသင်း အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ကျော်မင်းဦး(ရေနံချောင်း)