ရန်ကုန် မေ ၁၂
ပြည်သူများ သန့်ရှင်း၊ အဟာရဖြစ်ပြီး ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများစားသုံး နိုင်ရန်ရည်ရွယ်၍ အစားအသောက်နှင့် ဆေးဝါးကွပ် ကဲရေးဦးစီးဌာနနှင့် တာဝန်ရှိသူများပူးပေါင်းပြီး ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ အေးခဲအစားအသောက်ပစ္စည်း ရောင်းချသောဆိုင်များကို ယမန်နေ့ နံနက် (၁၀) နာရီတွင် ရှောင်တခင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။
စစ်ဆေးရာတွင် အေးခဲအစားအသောက် ရောင်းချသောဆိုင်များအား အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သတ်မှတ်ထားသော စံနှုန်းနှင့် အညီစစ်ဆေးခဲ့ပြီး၊ စားသုံးရန်မသင့်ဟု ထုတ်ပြန်ကြေညာထားသည့် အေးခဲအစားအသောက်များအနက် အချို့အားရောင်းချလျက်ရှိ ကြောင်းတွေ့ရှိရသဖြင့် အဆိုပါ အစားအသောက်များအားသိမ်းဆည်းခဲ့ပြီး ဆက်လက်ရောင်းချပါက သက်ဆိုင်ရာဥပဒေ နှင့်အညီ အရေးယူခံရမည်ဖြစ်သည်ကို ခံဝန်ရေးထိုးစေခဲ့ကြောင်း သိရသည်။
လှလှဌေး(ပြန်/ဆက်)