တာချီလိတ် မေ ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံး၊ လူထုအခြေပြုဗဟိုဌာန၊ ကွန်မြူနတီစင်တာခန်းမ၌ အလယ်တန်းအဆင့်ပန်းချီသင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်က ဖွင့်လှစ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ပန်းချီဆရာ ဦးမောင်ကိုကိုက ပန်းချီပညာရပ်၏ လူမှုရေးနယ်ပယ်တွင် အသုံးဝင်ပုံနှင့် စိတ်တည်ငြိမ်မှုကြောင့် အကျိုးကျေးဇူးကြီးမားပုံများကို ရှင်းလင်းပြခဲ့ပြီးနောက် ပန်းချီပညာရပ်ကို ဆက်လက်သင်ကြားပြသခဲ့သည်။
အလယ်တန်းအဆင့်ပန်းချီပညာကို အထကတာချီလိတ်မှ ကျောင်းသား/သူ (၁၆) ဦးက တက်ရောက်သင်ကြားခဲ့ပြီး ၁၂-၅-၂၀၂၂ မှ ၁၃-၅-၂၀၂၂ ရက်နေ့ထိ ၂ ရက်တာ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ယာဆေး( ပြန်/ဆက်)