အောင်မြေသာစံ မေ ၁၁
မြန်မာနိုင်ငံစာရေးဆရာများအသင်း(ဗဟို) စာပေညီလာခံ(၂၀၂၂) ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ၈၆ လမ်း၊ ၂၁×၂၂ လမ်းကြား၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ Community Centre ခန်းမတွင် မေလ ၉ ရက် နေ့နံနက်(၁၁) နာရီက မြန်မာနိုင်ငံစာရေးဆရာအသင်း(ဗဟို)သို့ အလှူငွေများပေးအပ်လှူဒါန်းခြင်းနှင့် စာပေညီလာခံတက်ရောက်မည့် အသင်းဥက္ကဋ္ဌအတွက် ထောက်ပံငွေများပေးအပ်ပွဲကို ကျင်းပပြုလုပ်ရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်စံပယ်နှင့်ဝန်ထမ်းများ၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအဖွဲ့ဝင် ဦးဌေးအောင် (ဌေးအောင်-မန်းတက္ကသိုလ်)၊ မြို့နယ်စာရေးဆရာအသင်း(နာယက) ဦးလှဘော် (မအူပင်လှဘော်)နှင့် ဦးကံလှ(မောင်ခိုင်ဖြိုး)၊ မြို့နယ်ဥက္ကဋ္ဌ ဦးထွဏ်းလှအောင်နှင့် အသင်းအဖွဲ့ဝင်များ ဖိတ်ကြားထားသူများတက်ရောက်ကြသည်။
လှူဒါန်းပွဲတွင်မြို့နယ်စာရေးဆရာအသင်း(နာယက) ဦးကံလှ(မောင်ခိုင်ဖြိုး)က အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံစာရေးဆရာအသင်း(ဗဟို)၏ စာပေညီလာခံနှင့် ညီလာခံတက်ရောက်မည့် မြို့နယ်စာရေးဆရာများအသင်းဥက္ကဋ္ဌ ဦးထွဏ်းလှအောင်အတွက် စာရေးဆရာမောင်ခိုင်ဖြိုး(နာယက)က အလှူငွေ ကျပ်နှစ်သောင်း၊ စာရေးဆရာဦးလေးမောင်က ကျပ်နှစ်သောင်း၊ စာရေးဆရာဦးလှဘော်က ကျပ်နှစ်သောင်း၊ စာရေးဆရာဦးဝင်းနိုင်က ကျပ်လေးသောင်း၊ စာရေးဆရာမင်းလှပြည့် (ဟားခါး)က ကျပ်တစ်သောင်း၊ စာရေးဆရာ ဦးချစ်ဖေက ကျပ်တစ်သောင်း၊ စာပေဝါသနာရှင် ဦးကျော်၀င်း(ညောင်ကွဲရပ်)က ကျပ်နှစ်သောင်း အသီးသီး ပေးအပ်လှူဒါန်းရာ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးထွဏ်းလှအောင်က လက်ခံရယူကာ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သိရသည်။
မြင့်မော်ထွန်း(အောင်စံ-ပြန်/ဆက်)