ချမ်းမြသာစည်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာစီစာကုံးပြိုင်ပွဲနှင့်‌ ဆေးရောင်ခြယ်ပြိုင်ပွဲများ ကျင်းပ

ချမ်းမြသာစည် မေ

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ချမ်းမြသာစည် မြို့နယ်အတွင်းရှိ ကျောင်းသား လူငယ်လူရွယ်လေးများ၏ နွေရာသီကျောင်းပိတ်ရက်ကို အကျိူးရှိစွာ အသုံးချတတ်စေရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် စာဖတ်သည့် အလေ့အကျင့်များဖြစ်ပေါ်လာစေရန်နှင့် ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်လိုစိတ်များ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းအချိန်က ချမ်းမြသာစည်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာစီစာကုံးပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများကို ကိုဗစ်-၁၉ ရောဂါကြိုတင်  ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ချမ်းမြသာစည်ရုံးမှ ဦးစီးအရာရှိ ဒေါ်ခင်စိမ်း၀င်းက ပြိုင်ပွဲများ ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် ပြိုင်ပွဲကိုဆက်လက်ကျင်းပရာ စာစီစာကုံးပြိုင်ပွဲကို လမြတ်ကဆုန် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆေးရောင်ခြယ်ပြိုင်ပွဲကို ချစ်စရာ့လိပ်ပြာငယ်ခေါင်းစဉ်ဖြင့် လည်းကောင်း ကျင်းပခဲ့ပြီး ပြိုင်ပွဲသို့ မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူလူငယ် လူရွယ်လေးများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ခင်စိမ်း၀င်း