ပိုင်ကျုံမြို့၌ CERP အစီအစဉ်ဖြင့် မိုးစပါး (Rs to Cs) မျိုးစေ့ထုတ်စိုက်ခင်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပိုင်ကျုံ  စက်တင်ဘာ  ၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ နောင်ဘိုကြီးကျေးရွာ တောင်သူဦး၀င်းကြိုင်၏လယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု CERP အစီအစဉ်ဖြင့် ထောက်ပံ့မှု အရဆောင်ရွက်သော မိုးစပါး ဆင်းသုခ(၁၀)ဧကအား (RS to Cs) မျိုးစေ့ထုတ်စိုက်ခင်းကို ယနေ့ နံနက်ပိုင်းတွင် တာ၀န်ရှိသူများကကွင်းဆင်းကြည့်ရှုစစ်‌ဆေး ခဲ့ကြောင်းသိရသည်။

အဆိုပါ ဆင်းသုခမိုးစပါး(၁၀)ဧက စိုက်ပျိုးထားရှိမှု အခြေအနေ များကို ပိုင်ကျုံမြို့ စိုက်ပျိုးရေးဦးစီးမှူး ဦးအောင်မွန်နှင့်ဝန်ထမ်း များက နည်းပညာပေးခြင်းများနှင့် မိုးစပါးများပျက်စီးမှုမရှိစေရေး၊ မျိုးကောင်း၊မျိုးသန့်ဖြစ်‌သောမျိုးစေ့ထုတ်စပါးများ အောင်မြင် ဖြစ် ထွန်းစေရေး၊ မြေဩဇာများအား အချိုးကျစနစ်တကျပက်ဖျန်း ပေးနိုင်ရေးစပါးခင်းများအတွင်း ပိုးမွှားကျရောက်မှုမရှိစေရေး အတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကိုမှာကြား ခဲ့ကြောင်း သိရှိရသည်။

ပိုင်ကျုံ(ပြန်/ဆက်)