ကော့ကရိတ်မြို့တွင် အ​ထွေ​ထွေ​ရွေး​ကောက်ပွဲ​ အောင်မြင်စွာ​ဆောင်ရွက်နိုင်​ရေး လုပ်ငန်းညှိနှိုင်းအစည်းအ​ဝေး ကျင်းပ

​ကော့ကရိတ် စက်တင်ဘာ

ကရင်ပြည်နယ်၊​​ ကော့ကရိတ် ခရိုင်အတွင်း ကော့ကရိတ်မြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တို့တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ လတွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၀) နာရီအချိန်က ကော့ကရိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အစည်းအဝေးတွင် ကော့ကရိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေထွန်းအောင်က ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ကျင်းပမည့်       အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး ပထမအကြိမ် မဲဆန္ဒရှင်စာရင်းကြေညာပြီးဖြစ်ရာ လိုအပ် ချက်များအား ပြန်လည်သုံးသပ်အကြံပြုဆောင်ရွက်နိုင်ရေး၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးပိုင်ခွင့်အခွင့်အရေး မဆုံးရှုံးစေရေးနှင့်အောက်တို ဘာလတွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကြေညာခြင်းပြုလုပ်ရာ၌ ပြည့်စုံမှန်ကန်သည့် မဲဆန္ဒရှင်စာရင်းများ ရရှိနိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်မှအဖွဲ့ဝင်များအနေဖြင့် ပေါင်းစပ်ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်သွားရေး​ ဆွေး​နွေး​​ပြောကြားသည်။

​ယင်း​နောက် ကော့ကရိတ် မြို့နယ်​ကော်မရှင်အဖွဲ့ခွဲ၀င် ဥက္ကဋ္ဌ ဦးသန်းဦး၊ ကြာအင်းဆိပ်ကြီး မြို့နယ်​ကော်မရှင် အဖွဲ့ခွဲ ဝင်ဥက္ကဋ္ဌ ဦးကြည်လွင်တို့က မဲစာရင်းများ ပြည့်စုံမှန်ကန်​ရေးနှင့် မြို့နယ်ရပ်​ကျေး​ကော်မရှင်အဖွဲ့ခွဲ ဝင်များနှင့် ချိတ်ဆက်၍ ​ဆောင်ရွက် ထားရှိမှုအ​ခြေအ​နေတို့ကို​ ဆွေး​နွေး​ပြောကြားပြီး ခရိုင်​ကော်မရှင်အဖွဲ့ခွဲဝင် ဥက္ကဋ္ဌ ဦးဌေးမာင်၊​ ကော့ကရိတ် မြို့နယ်အုပ်ချုပ် ရေးမှူး ဦးဆန်းနု၊ ကြာအင်းဆိပ်ကြီးမြို့နယ် အုပ်ချုပ်​ရေးမှူး ဦးကျော်စိုးတို့က​ ရွေး​ကောက်ပွဲ​ အောင်မြင်စွာ ​ဆောင်ရွက်နိုင်​ရေး အတွက်ပူး​ပေါင်း​ဆောင်ရွက် ထားရှိမှုအ​ခြေအ​နေတို့ကို​ ဆွေး​နွေး​ပြောကြားသည်။

ထို​​နောက် တက်​ရောက်လာကြသည့်​ ကော်မရှင်အဖွဲ့ခွဲဝင်များမှ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အပြန်အလှန် ဆွေးနွေးခြင်း၊ ဆက်လက်ဆောင်ရွက် ရမည့်လုပ်ငန်းများ နှင့်ပတ်သက်၍   ပေါင်းစပ်ညှိနှိုင်း ခြင်းတို့ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ အ​​စည်းဝေးသို့​ ကော့ကရိတ်ရိုင် အုပ်ချုပ်ရေးမှူး၊  မြို့နယ်အုပ်ချုပ်ရေးမှူး ကြာအင်းဆိပ်ကြီးမြို့နယ် အုပ်ချုပ်​ရေးမှူး၊  ခရိုင်/မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဝင်များ တက်ရောက်ကြ​ကြောင်းသိရှိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)