မိုးနဲ စက်တင်ဘာ ၃
ရှမ်းပြည်ယ်(တောင်ပိုင်း) လင်းခေးခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ကိုဗစ်-၁၉ရောဂါကာလမိုးနဲမြို့နယ် အတွင်းရှိ ငါးမွေးမြူခြင်းလိုင်စင်ဖြင့် ငါးမွေးမြူရေးဆိုင်ရာ အခွန်အခပေးဆောင်ပြီး ငါးမွေးမြူ ရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသော ငါးမွေးတောင်သူများအား COVID-19 (Economic Relief Plan) (Action Plan) အရ ငါး သားပေါက်များ ဖြန့်ဖြူးထောက်ပံ့ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့ညနေ ၂ နာရီအချိန်က မြို့နယ် ကမ္ဘောဇခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် လင်းခေးခရိုင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးနိုးဝေကအဖွင့် အမှာစကားပြောကြားပြီး ရှမ်း ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန ခေတ္တပြည်နယ်ဦးစီးဌာနမှူး ဦးကျော်သီဟထွေးက ငါးသား ပေါက်များ ဖြန့်ဖြူး ထောက်ပံ့ပေးရခြင်းနှင့်စပ်လျဉ်း၍ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်အတွင်းရှိ ငါးမွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူ တောင်သူ ၃၁ ဦးတို့အား ညောင်ရွှေ ငါးသားဖောက်စခန်းမှ ငါးမျိုးသားပေါက်ကောင်ရေ တစ်ဧကလျှင် ၂ဝဝဝ ကောင်နှုန်းဖြင့် ငါးမွေးဧက ၄၀ ဒသမ ၉၅၈ ဧက အတွက် စုစုပေါင်း ငါးသားပေါက်ကောင်ရေ ၈၁၉၁၆ ကောင်ကို ရှမ်းပြည်နယ်ငါးလုပ်ငန်း ဦးစီးဌာနခေတ္တပြည်နယ်ဦးစီးဌာနမှူး ဦးကျော်သီဟထွေး ၊လင်းခေးခရိုင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးနိုးဝေ နှင့်ခရိုင်အဆင့်ဌာနဆိုင်ရာများ ၊ မိုးနဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထွဋ် ၊လင်းခေးခ ရိုင်ငါးလုပ်ငန်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သက်ဆုရည်ဝင်း နှင့်တာဝန်ရှိသူများက ငါးမြစ်ခြင်း နှင့်ငါးခုံးမ သားပေါက်များကို ငါးမွေးမြူကြသည့် တောင်သူများထံ အခမဲ့ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)