လှိုင်သာယာ(အရှေ့ပိုင်း) စက်တင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း များကို သြဂုတ်လ(၃၀)ရက်နေ့ကစ၍ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးနှင့် မြို့နယ်အတွင်းရှိ ရပ်ကွက် နှင့်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထား ကြေညာထားကြောင်း မြို့နယ်အထွေထွေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် ဦးစိုးမင်းမှ ပြောကြားသည်။
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း(၁၁)ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း (၈)ဦး၊ အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်(၈)ဦး၊ အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ်(၇)ဦး၊ ကရင် တိုင်းရင်းသားလွှတ်တော် မဲဆန္ဒနယ်(၇)ဦး၊ ရခိုင်တိုင်းရင်းသားလွှတ်တော် မဲဆန္ဒနယ်(၆)ဦး စုစုပေါင်း (၄၇)ဦး ပါဝင်ယှဉ် ပြိုင်ကြ မည် ဖြစ်ပြီး လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အထွေထွေ ရွေးကောက်ပွဲကော်မရှင်ရုံးတွင် ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၌ ရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းများ ကပ်ထားကြေညာထားကြောင်း သိရှိရသည်။
ထွန်းထွန်းနိုင်(ပြန်/ဆက်)