မိုင်းဖြတ် မေ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်အဆင့် Grade-5 သင်ရိုးသစ် Face to Face သင်တန်းဖွင့်ပွဲအခမ်းအနားကို မေလ ၁၀ရက်နေ့ နံနက် ၉နာရီခွဲက အထက(မိုင်းဖြတ်)ရှိ ရွှေလီဆောင်ခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဦးအောင်ကျော်ညွှန့်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ဒုတိယမြို့နယ်ပညာရေးမှူး ဦးစိုင်းလောဝ်ခေးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ၊ သင်တန်းစည်းမျဉ်းစည်းကမ်းများနှင့် အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် သင်တန်းကို အထက(မိုင်းဖြတ်)ကျောင်းရှိ စာသင်ခန်းများ၌ အခန်းအလိုက် ဆွေးနွေးသင်ကြားပို့ချခဲ့ကြောင်းသိရသည်။
အဆိုပါသင်တန်းကို မိုင်းဖြတ်မြို့နယ်မှ Grade-5 ဗဟိုအဆင့် နည်းပြသင်တန်း (TOT) Onlile သင်တန်းတွင် တက်ရောက်ခဲ့ကြသည့် နည်းပြဆရာ၊ ဆရာမ (၁၅)ဦးက မေလ ၁၀ရက်နေ့မှ ၁၃ရက်နေ့အထိ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ စာရိတ္တ၊ ပြည်သူ့နီတိ၊ ကာယပညာ စသည့်ဘာသာရပ်များကို ဆွေးနွေးပို့ချသွားမည်ဖြစ်သည်။ သင်တန်းသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမ (၁၈၄)ဦးတို့ တက်ရောက်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)