မန္တလေး မေ ၁၀
မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် စွန့်ပစ်ပစ္စည်းဖြစ်သော ကော်ဖီမစ်ခွံများဖြင့် လက်မှုအနုပညာဖန်တီးမှု သင်တန်းကို ယနေ့မွန်းလွဲ (၁) နာရီတွင် ကျင်းပသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက သင်တန်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးသည်။
"စွန့်ပစ်ပစ္စည်းဖြစ်တဲ့ ကော်ဖီမစ်ခွံတွေကို ဖျာ၊ ထမင်းချိုင့်၊ ပန်းအိုး၊ ခြင်းတောင်း အစရှိတာလေးတွေ ပြုလုပ်ပြီး မိမိအိမ်တွင်းမှာ အလှဆင်နိုင်ပါတယ်။ အချင်းချင်း အမှတ်တရ လက်ဆောင်ပေးနိုင်ပါတယ်။ ဖျာယက်လုပ်ပြီး အရွယ်အစားအလိုက် ရောင်းချနိုင်ပါတယ်” ဟု သင်တန်းနည်းပြ မအေးခိုင်က ပြောကြားသည်။
အဆိုပါ သင်တန်းကို သင်တန်းသား၊ သင်တန်းသူ (၁၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မန္တလေးခရိုင် (ပြန်/ဆက်)