ခရမ်း မေ ၁၀
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ သင်ရိုးသစ် Grade-5 မြို့နယ်(face to face)သင်တန်းကို ယနေ့နံနက် ၉ နာရီက ခရမ်းမြို့နယ် အထက ( ၂ ) မြို့မကျောင်းအစည်းအဝေးခန်းမတွင် စတင်ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ ခရမ်းမြို့နယ်အတွင်းရှိ မူလတန်းကျောင်း ဆရာ/ဆရာမ ( ၅၂၈ ) ဦးတက်ရောက်ခဲ့ကြသည် သင်တန်းကို မေ ၁၀ ရက်နေ့မှ မေ ၁၃ ရက်နေ့ ရက်နေ့အထိ ( ၄ ) ရက်ကြာမြင့်မည်ဖြစ်ပြီး နံနက် ၉ နာရီမှ ၁၂ နာရီတစ်ကြိမ် နေ့ ၁ နာရီမှညနေ့၄ နာရီအထိ နေ့စဉ်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း KG+12) စနစ်သစ်ပညာရေး ၂၀၂၂ ခုနှစ် (Grade-5) သင်တန်းမှ မူလတန်းအဆင့် ကျောင်းသား/ ကျောင်းသူလေးများကို ကျွမ်းကျင်စွာ ပညာသင်ကြားပို့ချနိုင်ရေးအတွက် သင်တန်းဖွင့်လှစ် ခဲ့ခြင်းဖြစ်ပြီး မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ စာရိတ္တနှင့် ကာယဘာသာရပ်များကို မေ ၁၀ ရက်နေ့မှ ၁၃ ရက်နေ့အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီအချိန်ထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း အဆိုပါ သင်တန်းသို့ ခရမ်းမြို့နယ်အတွင်းရှိ ထက်/လယ်/မူကျောင်းများမှ ဆရာ/ဆရာမ ၅၂၈ ဦးအား သင်တန်းနည်းပြ ၃၄ ဦးမှ သင်ကြားပြသ ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
ကိုမင်း ( ခရမ်း )