အမရပူရ မေ ၁၀
အမရပူရမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်(၁၀)နာရီ အချိန်က ကလေးငယ်များအား စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ဦးစီးအရာရှိ ဒေါ်တင်တင်လှက ကလေးငယ်များ စာပေဖတ်မှတ်လေ့လာတတ်စေပြီး ကလေးငယ်များ အသိဉာဏ်ပညာတိုးပွားစေရန် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ကျင်းပရခြင်းဖြစ်ကြောင်းကို ရှင်းလင်းပြောကြားပြီး ကလေးသူငယ်များက တိုင်းရင်းသားစာပေမှထုတ်ဝေသော ပုံပြင်များဖြင့် ဖတ်ကြားယှဉ်ပြိုင်ကြပြီး ဆုရရှိသူများကို မြို့နယ်ဦးစီးအရာရှိမှ ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
တင်တင်လှ (အမရ)