ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မူလတန်းအဆင့် အခြေခံပညာသင်ရိုးသစ် Grade-5 မြို့နယ်အဆင့် ဆွေးနွေးပွဲသင်တန်းဖွင့်လှစ်

ဒဂုံအရှေ့ မေ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မူလတန်းအဆင့် အခြေခံပညာသင်ရိုးသစ် Grade-5 မြို့နယ်အဆင့် ဆွေးနွေးပွဲသင်တန်းကို အမှတ်(၇)ရပ်ကွက် အခြေခံပညာ မူလတန်းလွန်ကျောင်း အမှတ်(၆)၌ ယနေ့နံနက် ၉နာရီအချိန်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသူက အဖွင့်အမှာစကား ပြောကြားရာတွင် ပညာဆိုတာ အ‌ကြောင်းအကျိုး၊ အမှား/အမှန် ဝေဖန်ပိုင်းခြားနိုင်မှဖြစ်ကြောင်း၊ ပညာ၏အရေးပါမှုတို့အား အဖွင့်အမှာစကားအဖြစ်‌ ပြောကြားခြင်း၊ မြို့နယ်ပညာရေးမှူး ဒေါ်ထူးထူးလွင်မှ သင်တန်းသား/သူများအား သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် သင်တန်းဆိုင်ရာ အချက်အလက်များနှင့် ဆရာကိုင်၊ ကျောင်းသားကိုင် စာအုပ်များအသုံးချ၍ သင်ကြားရမည်ဖြစ်ကြောင်း ဆရာ/ဆရာမများ အနေဖြင့် ကျောင်းသား၊ကျောင်းသူများအား ပညာသာမက လိမ္မာယဉ်ကျေးအောင် သင်ကြားပေးရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခြင်း၊ သင်တန်း ကြီးကြပ်ရေးအဖြစ် လက်ထောက်ပညာရေးမှူး ဦးတင်အောင်လင်းက သင်တန်းသား/သူ၊ ဆရာ/ဆရာမများ လိုက်နာရမည့် စည်းကမ်းချက်များအား ပြောကြားခဲ့သည်။

၎င်းနောက် အခြေခံပညာသင်ရိုးသစ် (Grade-5) ဆင့်ပွားမြို့နယ်အဆင့် ဆွေးနွေးပွဲ သင်တန်းကို ​ မေလ ၁၀ရက်နေ့မှ ၁၃ ရက်နေ့အထိ နေ့စဉ်နံနက်(၉)နာရီမှ ညနေ (၄)နာရီအထိ ၄ ရက်တာ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရပါသည်။

ဝင်းအိမွန်