မံစီမြို့နယ်၌ အခြေခံပညာမူလတန်းအဆင့် Grade-5 (သင်ရိုးသစ်) မြို့နယ်အဆင့် မွမ်းမံသင်တန်းဖွင့်လှစ်

မံစီ မေ ၁၀

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(မံစီ) ဖုန်ကန်ဒူဝါ ခန်းမဆောင်၌ ယနေ့ နံနက် ၁၀ နာရီက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ မူလတန်းအဆင့် Grade-5 (သင်ရိုးသစ်) Face to Face မြို့နယ်အဆင့် မွမ်းမံသင်တန်းဖွင့်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်က အဖွင့်အမှာစကား ပြောကြားရာ သင်တန်းကို စနစ်တကျ လေ့လာသင်ယူ ဆွေးနွေးမှတ်သားပြီး ကျောင်းသား၊ ကျောင်းသူများအား ပြန်လည်သင်ကြားစေလိုကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် မိမိတို့၏ အရည်အသွေးကို အစဉ်မြင့်မားအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများ၏ အရည်အသွေးမြင့်မားမှသာ ပြည်သူများ၏ရင်သွေးငယ်များ အရည်အသွေးဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဒေါ်တင်မာဆွေက သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျင်း၍ ရှင်းလင်းပြောကြားပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးဒမော်ဘရန်နူးက သင်တန်းစည်းမျဉ်းစည်း ကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းတွင် အခြေခံပညာမူလတန်းအဆင့်သင်ကြားနေသည့် ဆရာဆရာမ (၃၈၉)ဦး တက်ရောက်ပြီး မေ ၁၀ ရက်နေ့မှ ၁၃ ရက်နေ့အထိ (၄)ရက်ကြာဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)