ဝမ်းတွင်း မေ ၁၀
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် Grade-5 သင်ရိုးသစ်မြို့နယ် အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အခြေခံပညာ အထက်တန်းကျောင်း (ဝမ်းတွင်း) တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးဦးမှ အဖွင့်အမှာစကား ပြေားကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဒေါ်သီတာမှ Grade-5 သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်း ဖွင့်လှစ်သင်ကြားပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် သင်တန်းကြီးကြပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်နည်းပြများက သက်ဆိုင်ရာဘာသာရပ်များအလိုက် သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။
အဆိုပါ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade-5 သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၁၈၃) ကျောင်းမှ ဆရာ၊ ဆရာမ (၈၁၇) ဦးက တက်ရောက်လျက်ရှိပြီး မြို့နယ်အဆင့် နည်းပြ (၅၀) ဦးမှ စနစ်သစ်ပညာရေးကို အောင်မြင်စွာ အကောင်ထည်ဖော်နိုင်ရေးအတွက် ပို့ချသင်ကြားလျက်ရှိကာ သင်တန်းကာလမှာ ၂၀၂၂ ခုနှစ်၊ မေလ (၁၀) ရက်နေ့မှ (၁၃) ရက်နေ့အထိ (၄) ရက်တာ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
ဌေးလှိုင် (ဝမ်းတွင်း)