လှည်းကူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ

လှည်းကူး မေ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား လှည်းကူးမြို့နယ် စျေးကြီးရပ်ကွက်တွင် ယနေ့နံနက်(၉)နာရီက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းတွင် ပထမအကြိမ်(First Dose) ထိုးနှံပြီးသည့် အသက်(၁၈)နှစ်နှင့် အထက်ရှိ ပြည်သူများအား ဒုတိယအကြိမ် (Second Dose) အဖြစ် ကာကွယ်ဆေး ထိုးနှံသူ စုစုပေါင်း(၈၀)ဦးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမျှ ထိုးနှံခြင်းမရှိသေးသည့် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။

လှည်းကူးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီ၏ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသော ပြည်သူများအား လိုအပ်သည်များကို ကူညီဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

အေးအေးနွဲ့